နိုင်ငံတကာ စုပေါင်းမီးပုံးပျံများကို တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်၌ တွေ့ရစဉ်
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သော နိုင်ငံတကာ စုပေါင်းမီးပုံးပျံ ပျံသန်းခြင်းကို ပုဂံ၊အင်းလေး၊ ပခုက္ကူ၊ စစ်ကိုင်း၊ မန္တလေးမြို့ဝန်းကျင်ဒေသများတွင် မီးပုံးပျံခြောက်လုံးဖြင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ၁၉၉၉ ခုနှစ် မှစ၍ မီးပုံးပျံစုပေါင်း ပျံသန်းပွဲတော်များကို ပြုလုပ်ခဲ့ခြင်းပြီး ယခုအခါ ၁၄ကြိမ်မြောက် နိုင်ငံတကာ မီးပုံးပျံ ပျံသန်းခြင်း(14 International Balloon Meeting in Myanmar) ကို Golden Express Tours Co; Ltd ၏အစီအစဉ်ဖြင့် Blaser Swis slube Co. ဆွစ်ဇာလန်နိုင်ငံ ဧည့်သည် Mr.Peter Blaser နှင့်အဖွဲ့ဝင် ၂၄ ဦးတို့သည် ဇန်န၀ါရီလ၂၈ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၂၉ ရက်နေ့တွင် တောင်ကြီးမြို့ ညောင်ရွှေ မြို့နယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ဘောလုံးကွင်း၌ ညနေပိုင်းတစ်ကြိမ် စတင်စီးနင်းခဲ့ကြောင်း၊ ၃၀ရက်နေ့တွင် အင်းလေးကန် အတွင်းရှိ ကြေးစားကုန်းရွာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း နှစ်ကြိမ်၊ ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီ လ ၁ရက်နေ့တွင် နံနက်ပိုင်းတစ်ကြိမ်စီ စီးနင်းခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ၃ ရက်နေ့တွင် တောင်သမန်အင်း ဦးပိန်တံတားဝန်းကျင်၌ နံနက်ပိုင်းနှစ်ကြိမ် စီးနင်းခဲ့ကြောင်း၊ ဖေဖော်ဝါရီလ၄ ရက်နေ့တွင် စစ်ကိုင်းမြို့ ၀ါးချက်ကျေးရွာ၌ ညနေပိုင်းအချိန်တွင် စတင်ပျံသန်းခဲ့ပြီး အာလောင်၊ ပယ်ငါးဆယ်၊ ကြက်ထောက်၊မြေတိုင်၊ ပေါက်တော၊ ချောင်းပေါက်၊ ခိုတောင်စသည့် ကျေးရွာများတစ်လျှောက် ပျံသန်းစီးနင်းခဲ့ကြောင်း သိရသည်။
“နိုင်ငံခြားသားတွေ အခုစီးနေတဲ့ မီးပုံးပျံတွေက အမြင့်ပေ ၄၊ ၅၊ ၆ ထောင် လောက်အထိ ပျံနိုင်တယ်။ အောက်ဆိုရင်လည်း ၂၊ ၃ပေလောက် အကွာအဝေးမှာတင် ရှပ်ပျံလို့ရတယ်။ အင်းလေးတုန်းက ရေပြင်နဲ့ကပ်ပြီး အင်းသူ၊ အင်းသားတွေရဲ့ လူနေမှု ဘ၀တွေကို အနီးကပ်မှတ်တမ်းတင် ဓာတ်ပုံတွေရိုက်ကြတယ်။ အပေါ်စီး ကနေရှုခင်းတွေ ကြည့်တယ်။ စိတ်ဝင်စားစရာ တစ်ခုခုတွေ့ရင် အောက်ကို ဆင်းပြီးအနီးကပ် လေ့လာကြတယ်။ မီးပုံးပျံကတော့ လေကြောင်းအတိုင်းပဲ သွားလို့ရတယ်။ တစ်လုံးစီမှာ အနိမ့်၊ အမြင့်ထိန်းချုပ်တဲ့ ပိုင်းလော့တစ်ယောက်စီ ပါတယ်” ဟု Gold Express Tour ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ဓာတ်ပုံ-ဦးဖေသိန်းမောင်
Eleven Media Group မှကူးယူဖော်ပြပါသည်.....။
![]() |
မင်းမိုက်လားကွ.... ငါ့ကိုစိန်ခေါ်နေတာလား... |

အမေရေ လာပါအုံး သားသားကို လုပ်နေတယ်...

ဒီလိုနေနိုင်ရင် အကောင်းဆုံးပေါ့...

သမီးရယ်အိပ်ပါတော့ နော်...မေမေချော့သိပ်နေတယ်...

သားလေးရယ်အိပ်ပါတော့ မေမေ သီချင်းဆိုချော့...

Sea Game မှာငါက ရွှေခါးချန်ပီယံ ဖြစ်မှာကွ ရော့ တစ်လုံး...

Mr Bean ရဲ့သားလေးနော်...ဟဲဟဲ

ရန်သူတွေ လာနေပြီ...

တော်တော်လေးရှည်နေပြီ.....

မြန်မာပြည်က ကာယဗလမောင် ပြိုင်ပွဲမှာဆိုရင် ဆုရမှာပဲ...

တော်လိုက်တဲ့ လူတွေ အမှန်းတော်တယ်...

ညီလေးရယ် အကိုသတိရလိုက်တာ မင်းရဲ့လုပ်ပုံတွေ...

သားသားစားချင်တာစားလို့ရပြီ...
ပျော်ရွှင်သာယာသော ဘဝလေးတွေကို ထာဝရပိုင်ဆိုင်နိုင်ပါစေ.....!
Standard Chartered ဘဏ်ခွဲတစ်ခုကို တရုတ်နိုင်ငံ ကွမ်ကျိုးမြို့တွင် တွေ့ရစဉ်
အင်္ဂလန်နိုင်ငံမှ Standard Chartered ဘဏ်အပါအ၀င် ဥရောပနှင့် အမေရိကန်ဘဏ်အချို့ မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပြည်တွင်းဘဏ် လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်း ရရှိပါသည်။
“Standard Chartered ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ ဟိုးအရင်ကတည်းက ဘဏ်လုပ်ငန်းဆောင်ရွက် ဖူးပါတယ်။ တကယ်လို့သာ အဲဒီမှာပြန်ပြီး လုပ်ခွင့်ရမယ်ဆိုရင် အလွန် ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်စရာပါ” ဟုStandard Charteredဘဏ် ၏ အာရှဒေသဆိုင်ရာ စီအီးအို Mr Jaspal Bindra က ဟောင်ကောင် ဂျာနယ်လစ်များနှင့် တွေ့ဆုံပွဲတွင်ထည့်သွင်းပြောကြားခဲ့ပြီး Bloomberg သတင်းတွင်ဖော်ပြခဲ့ပါသည်။
Mr Jaspal Bindra က မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်ရန် အတွက် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးမှုအပေါ် မူတည်ကြောင်း ထည့်သွင်းပြောကြားပါသည်။ “ကျွန်တော် တစ်ဦးတည်းရဲ့အမြင်ကိုပြောရမယ်ဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုက ၂၀၁၂ အတွင်းမှာ ရုပ်သိမ်းပေးမယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားပါသည်။
Standard Chartered ဘဏ်အနေဖြင့် မြန်မာနှင့်မြောက်ကိုရီးယားနိုင်ငံတို့မှလွဲ၍ အာရှနိုင်ငံများတွင် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေပြီး အမြတ်ငွေ၏ သုံးပုံနှစ်ပုံကို အာရှဒေသ မှ ရရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တွင် ပါလီမန်ခေတ်က ဘဏ်ခွဲလာရောက် ဖွင့်လှစ်ခဲ့ဖူးပြီး ယခင်အစိုးရ လက်ထက် ၁၉၉၄ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ပြန်လည် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်း ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ထားသော ဘဏ်များသည် အာရှအခြေစိုက်ဘဏ်များသာ ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၊ အင်္ဂလန် နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ဒိန်းမတ်နိုင်ငံစသည့် အမေရိကနှင့် ဥရောပဒေသမှ ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံမှ ထိပ်ပိုင်းအဆင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ တရားဝင် ရောက်ရှိခဲ့ခြင်းကြောင့် ပိတ်ဆို့မှုရုပ်သိမ်းပါက မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် စိတ်ဝင်တစား ပြင်ဆင်နေကြကြောင်း သတင်းရရှိပါသည်။
နိုင်ငံခြားဘဏ်တစ်ခု၏ ကိုယ်စားလှယ် ရုံးခွဲတာဝန်ခံတစ်ဦးကလည်း “မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ချင်တဲ့ နိုင်ငံတကာဘဏ်တွေ အများကြီးပါ။ အခုအာရှဘဏ်တွေအပြင် အမေရိကန်၊ ဂျပန်နဲ့ဥရောပတွေပါ ပြင်ဆင်လာကြတာ တွေ့ရတယ်။ ဘဏ်အချင်းချင်းလည်း ချိတ်ဆက်ပြီး လှမ်းမေးကြတာရှိတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းရင် အများကြီး ၀င်လာနိုင်တယ်။ ဒီမှာတော့ အခုထိ ကိုယ်စားလှယ်ရုံးခွဲ အထိပဲ နိုင်ငံတကာ ဘဏ်တွေကို ဖွင့်ခွင့်ပေးထားတော့ ဘဏ်ခွဲအဆင့်ဖွင့်လို့ရအောင် စောင့်နေရဆဲ အခြေအနေမှာပဲ ရှိသေးတယ်”ဟု ရှင်းပြပါသည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာဘဏ် ၃၀ ၀န်းကျင် ကိုယ်စားလှယ်ရုံး လာရောက် ဖွင့်လှစ်ထားကြောင်း၊ အခြား တစ်ဖက်တွင်လည်း တာဝန်ရှိသူများ က နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရသော ပြည်တွင်းဘဏ်များ နိုင်ငံတကာအဆင့် လည်ပတ်နိုင်မှသာ နိုင်ငံခြားဘဏ်များကို ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်ပြုမည်ဟု မူဝါဒချမှတ်ထားကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သိရပါသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းဆောင်ရွက်မှု အများဆုံး ဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်မှ ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “ StandardChartered ဘဏ်ဆိုတာက ကမ္ဘာ့အင်အားကြီး ဘဏ်တစ်ခုပါ။ စူပါဘဏ်လို့ခေါ် ရတဲ့ဘဏ်ကြီးပါ။ အရင်ကလည်း မြန်မာပြည်ကို လာဖူးတဲ့ဘဏ်ပါ။ အခုလိုပြန်လာမယ်ဆိုတာ ၀မ်းသာစရာပါ။ မြန်မာနိုင်ငံကို အကောင်း ပြန်မြင်လာတဲ့ သဘောလို့ယူဆပါတယ်။ ဒီလို ကမ္ဘာ့အဆင့်ဘဏ်ကြီး တွေပြန်ဝင်လာရင် မြန်မာဘဏ် လုပ်ငန်းဝန်းကျင် ပိုတိုးတက်လာနိုင်သလို တစ်ဖက်ကလည်း မြန်မာဘဏ်တွေ ရဲ့အရည်အချင်းကို နိုင်ငံတကာအဆင့် သွားနိုင်အောင် ပိုကြိုးစားဖို့လိုပါတယ်” ဟု သုံးသပ်ပါသည်။